SMMChannel
WEB-DL 720p Photograph(2019)
Report error

Report error

Photograph(2019)

IMDb….6.8

ဒီကုလားကားဟာ
သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ကားတကားဖြစ်ပြီးတော့

The Lunch box ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင်
ဒါရိုက်တာ Ritesh Batra ရိုက်ကူးထားတာပါ

ရုပ်ရှင်ဟာ ဟင်ဒီကားတွေထုံးစံဖြစ်တဲ့
အကတွေ အဆိုတွေ မပါပဲ
အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားတဲ့
old-school style drama flim အမျိုးအစားပါ
ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်အကအဆိုတွေကို တွေ့ရမှာ မဟုတ်ပါဘူး…

မွန်ဘိုင်းမြို့ ပင်လယ်ဆိပ်ကမ်းအ၀င်
မြို့ဦးမုဒ်ဝမှာ ဓာတ်ပုံဆရာအဖြစ် အသက်မွေးတဲ့ ရာဖေး (Nawazuddin Siddiqui ) ရှိပါတယ်
တနေ့မှာတော့
မယ်လိုနီ(Sanya Malhotra) ဆိုတဲ့အမျိုးသမီးလေးတယောက်ဟာ
သူ့ဆီမှာ ဓာတ်ပုံရိုက်ပြီး ပုံထုတ်ပေးနေတုန်းမှာပဲ
မယ်လိုနီ့အမေက လှမ်းခေါ်တော့
ကောင်မလေးဟာ သူ့အမေ့ဆီထွက်သွားမိပြီး
ဓာတ်ပုံဖိုးရှင်းဖို့မေ့နေခဲ့တယ်

ရာဖေးရဲ့ရွာမှာ ရာဖေးအဖွားကျန်နေခဲ့ပြီး
အဲဒီအဖွားက သူ့မြေးကို မိန်းမယူဖို့ တဆူဆူတပူပူပေါ့
ဒါကြောင့် နားအေးပြီးရော
အဖွားဆီကို သူကောင်မလေးတယောက် ရနေပြီဆိုတဲ့အကြောင်း စာရေးပြီး

သူ့ဆီကျန်နေခဲ့တဲ့ မယ်လိုနီ့ဓာတ်ပုံကို ထည့်ပေးလိုက်ပါတော့တယ်….

အလွယ်နည်းနဲ့ဖြေရှင်းလိုက်ပေမယ့် သူဟာ အဖွားကိုလျော့တွက်ခဲ့ပုံပါပဲ…

အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး….

ဒီဇာတ်ကားဟာ ရုပ်ရှင်တကားကြည့်ရတာထက်
စာအုပ်တအုပ်ဖတ်ရတာနဲ့ ပိုတူကောင်းတူနိုင်ပါတယ်
ဇာတ်လမ်းနာမည်ဟာ photograph ဆိုတဲ့ ရိုရိုးရှင်းရှင်းနာမည်လေးအတိုင်းပဲ ဇာတ်လမ်းဟာလည်း

ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ လူသဘာဝလေးတွေကို သေချာလေး set up လုပ် ရိုက်ကူးထားတာကြောင့်
ရိုးရိုးငြိမ့်ငြိမ့်ကြည့်ချင်သူတွေအတွက် ချစ်စရာကောင်းတဲ့ ရုပ်ရှင်တကားလို့ပဲ ပြောပါရစေ…

ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Chan Myae Thu Aung ပဲဖြစ်ပါတယ်…

File Size : (900 MB) and (396 MB)
Quality : WEB-DL 720p,
Format…mp4
Duration…01:50:00
Genre :  DramaRomance
Subtitle : Myanmar Subtitle (Hard Sub)
Translated by Chan Myae Thu Aung
Encoded by Phyo Pyae

Credit By Channel Myanmar

Original Link : https://channelmyanmar.org/photograph2019/

Photograph(2019)
No downloads available

Leave a Reply

Your email address will not be published. Required fields are marked *

Related movies