SMMChannel

Romance

When Sun Meets Moon 6.1
When Sun Meets Moon ဒီကား​လေးဟာ Imdb 6.1ရထားတဲ့အချိန်​ရိုမန့်​ဇာတ်​ကား​လေးတစ်​ပုဒ်​ဖြစ်​ပါ​တယ်​.. 1992ခုနစ်​မှာ​ဟောင်​​ကောင်​မှာမုန်​တိုင်းတစ်​ခုဖြစ်​ပြီးမီး​တွေပျက်​သွားခဲ့ပါတယ်​. .ဒီလိုမီးပျက်​တဲ့အချိန်​ခဏ​လေးမှဲာကြယ်တာရာကြည့်ရှုရတာကြိုက်တဲ့ ​​​​ရွှင့်​ရိနဲ့​ကျေယွဲ့တို့ဟာ အမှတ်​မထင်​စုံစည်းခဲ့ကြပါတယ်​…သူတို့​တွေဟာ စိတ်​တူကိုယ်​တူ​တွေမို့အချင်းချင်းသံ​ယောဇဉ်​​တွေတိုးလာခဲ့ပါတယ်​.. ရွှင့်​ရိဟာ​နောက်​နှစ်​မှာနိုင်​ငံခြားကို​ပြောင်း​ရွှေ့​နေထိုင်​မှာဖြစ်​လို့ သူတို့နှစ်​ဦးဟာ​နေမင်းနဲ့လမင်းလိုပဲအချိန်​​တွေကွာခြားပြီးခွဲ​ခွာ​နေရ​​​တော့မှာပါ… သူတို့​တွေ​ဝေးကွာခြင်း​တွေကိုအံတုပြီး ပြန်​လည်​​ပေါင်းစည်းနိုင်​ပါ့မလား အရမ်းကိုရိုမန့်​ဖြစ်​တဲ့ဇာတ်​ကား​လေးဖြစ်​လို့ အချစ်​ကား​ကောင်းကြိုက်​တတ်​တဲ့သူ​တွေအတွက်​​တော့ အရမ်းကိုကြည်​နူးရမှာပါ….   Translated & Review By Phyo Zaw Encoded By LK Credit By Channel Myanmar Original Link : https://channelmyanmar.org/when-sun-meets-moon-2018/
6.1
IMDB: 6.1/10 64 votes
movie

When Sun Meets Moon

2018
Bluray 720p 5.1CH
6 Years 2015 5.6
6 Years 2015 6 Years (2015) IMDb 5.6 Rotten Tomato 69% “ ငါ့ အသက် ၂၆ နှစ်ပြည့်ရင် ငါသူနဲ့ လက်ထပ်မယ် သူ့အတွက် ဘေဘီလေးတွေ မွေးပေးမယ်” “ နင့်ကို တစ်ရက်မတွေ့ရဘဲ ငါ မနေနိုင်ဘူး” “ နင်နဲ့ဝေးပြီး ငါမနေနိုင်ပါဘူး” အဲဒီလောက်ထိ ချစ်ကြတဲ့ ချစ်သူ ၂ ယောက်ရှိပါတယ်။ ဒန် နဲ့ မယ်လ်နင် တဲ့။ တက္ကဆပ်မှာနေကြတယ်။ ကလေးဘဝတည်းက ခင်မင်လာပြီး ချစ်သူသက်တမ်း ၆ နှစ်တောင် ရှိနေပြီဖြစ်တဲ့ ငယ်ချစ်တွေ။ ဘယ်သွားသွား ဘယ်လာလာ အမြဲ တပူးပူးတတွဲတွဲပေါ့။ တစ်နေ့ကျရင် လက်ထပ်ကြမယ် သာယာတဲ့အိမ်ထောင်တစ်ခု ကို ထူထောင်ကြမယ် ဆိုတဲ့ အိပ်မက်တွေကိုယ်စီနဲ့ အသက် ၂၀ကျော် Love Bird လေးတွေရဲ့ ဘဝထဲကို တစ်နေ့တော့ ဘဝရဲ့ စိန်ခေါ်စမ်းသပ်ချက်တွေ ရောက်လာခဲ့ပါတယ်။ မယ်လ် တစ်ယောက် သူငယ်ချင်းတွေနဲ့ ပါတီသွားရင်း အမူးလွန်ပြီး ဒန့် ဆီကို သွားရာကနေ စ ...
5.6
IMDB: 5.6/10 9,952 votes
movie

6 Years 2015

2015
WEB-DL 720p
Photograph(2019) 6.7
Photograph(2019) Photograph(2019) IMDb….6.8 ဒီကုလားကားဟာ သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ကားတကားဖြစ်ပြီးတော့ The Lunch box ရုပ်ရှင်ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Ritesh Batra ရိုက်ကူးထားတာပါ ရုပ်ရှင်ဟာ ဟင်ဒီကားတွေထုံးစံဖြစ်တဲ့ အကတွေ အဆိုတွေ မပါပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဆွဲခေါ်သွားတဲ့ old-school style drama flim အမျိုးအစားပါ ဆိုတော့ မြိုင်မြိုင်ဆိုင်ဆိုင်အကအဆိုတွေကို တွေ့ရမှာ မဟုတ်ပါဘူး… မွန်ဘိုင်းမြို့ ပင်လယ်ဆိပ်ကမ်းအ၀င် မြို့ဦးမုဒ်ဝမှာ ဓာတ်ပုံဆရာအဖြစ် အသက်မွေးတဲ့ ရာဖေး (Nawazuddin Siddiqui ) ရှိပါတယ် တနေ့မှာတော့ မယ်လိုနီ(Sanya Malhotra) ဆိုတဲ့အမျိုးသမီးလေးတယောက်ဟာ သူ့ဆီမှာ ဓာတ်ပုံရိုက်ပြီး ပုံထုတ်ပေးနေတုန်းမှာပဲ မယ်လိုနီ့အမေက လှမ်းခေါ်တော့ ကောင်မလေးဟာ သူ့အမေ့ဆီထွက်သွားမိပြီး ဓာတ်ပုံဖိုးရှင်းဖို့မေ့နေခဲ့တယ် ရာဖေးရဲ့ရွာမှာ ရာဖေးအဖွားကျန်နေခဲ့ပြီး အဲဒီအဖွားက သူ့မြေးကို မိန်းမယူဖို့ တဆူဆူတပူပူပေါ့ ဒါကြောင့် နားအေးပြီးရော အဖွားဆီကို သူကောင်မလေးတယောက် ရနေပြီဆိုတဲ့အကြောင်း စာရေးပြီး သူ့ဆီကျန်နေခဲ့တဲ့ မယ်လိုနီ့ဓာတ်ပုံကို ထည့်ပေးလိုက်ပါတော့တယ်…. အလွယ်နည်းနဲ့ဖြေရှင်းလိုက်ပေမယ့် သူဟာ အဖွားကိုလျော့တွက်ခဲ့ပုံပါပဲ… အဲ့ဒီနောက်တော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး…. ဒီဇာတ်ကားဟာ ရုပ်ရှင်တကားကြည့်ရတာထက် စာအုပ်တအုပ်ဖတ်ရတာနဲ့ ပိုတူကောင်းတူနိုင်ပါတယ် ဇာတ်လမ်းနာမည်ဟာ photograph ဆိုတဲ့ ရိုရိုးရှင်းရှင်းနာမည်လေးအတိုင်းပဲ ဇာတ်လမ်းဟာလည်း ရိုးရိုးလေးနဲ့ ချစ်စရာကောင်းတဲ့ လူသဘာဝလေးတွေကို သေချာလေး set up လုပ် ...
6.7
IMDB: 6.7/10 294 votes
movie

Photograph(2019)

2019
WEB-DL 720p