SMMChannel

Comedy

R.I.P.D. 2013 5.6
R.I.P.D. 2013 ဒီကားကတော့ ၁၉ ၉ ၀ ကျော်ကထွက်ရှိခဲ့တဲ့ Man In Black နဲ့ပုံစံတူတဲ့ကားဖြစ်ပါတယ်… Deadpool မင်းသားဖြစ်တဲ့ Ryan Reynolds ကရဲအရာရှိတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့လက်တွဲဖော်လုပ်ကြံမှု့ကြောင့် စစ်ဆင်ရေးတစ်ခုမှာသေဆုံးသွားခဲ့ပါတယ်… သူသေဆုံးသွားတဲ့အချိန်မှာ သူ့ကို R.I.P.D လို့ခေါ်တဲ့ Rest In Peace Department ကနေ သူ့ကို အမှု့လိုက်ဖို့အတွက်ပြန်လည်ဆင့်ခေါ်လိုက်ပါတယ်… R.I.P.D ရဲ့အမှု့တွေကတော့ ငရဲပြည်ကနေလွတ်လာတဲ့ လူယောင်ဆောင်ထားတဲ့ မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနှိမ်နင်းရတာပဲဖြစ်ပါတယ်… ဒီလိုလိုက်လံစုံစမ်းရင်း ထူးဆန်းတဲ့ အကောင်တွေ ကမ္ဘာမြေပြင်ကို ကျလာမှာကို နောက်ဆုံးမှာတော့ တားဆီးရပါတော့တယ်…. သူတို့ဟာ တကယ့်လူ့ဘ၀ထဲကိုဝင်တဲ့ အခါ လက်ရှိရုပ်သွင်ပြင်နဲ့ဝင်ရတာမဟုတ်ပဲနဲ့ သူတို့ရဲ့ ID Card မှာပါတဲ့ ရုပ်နဲ့ဝင်ရပါတယ်… ဒါကြောင့် သူများတွေအမြင်မှာတော့ သူတို့ဟာ တခြားပုံဖြစ်နေတတ်ပါတယ်.. အက်ရှင်ကားအမျိုးအစားဖြစ်ပြီးတော့ အိမ်မှာနေရင်းပိတ်ရက်မှာအပျင်းဖြေဖို့အတွက် သင့်တော်တဲ့ကားဖြစ်ပါတယ်…   Credit By Channel Myanmar Original Link https://channelmyanmar.org/r-i-p-d/
5.6
IMDB: 5.6/10 108,415 votes
movie

R.I.P.D. 2013

2013
Bluray 1080P
Matchless Hero Fang Shiyu ( 2019 )
Matchless Hero Fang Shiyu ( 2019 ) ကွန်ဖူးတိုက်ကွက်တွေ..တရုတ်သိုင်းကားတွေကြိုက်နှစ်သက်သူတွေအတွက် တင်ဆက်ပေးလိုက်ပါတယ်…ဇာတ်လမ်းအညွှန်းလေးကိုပြောရမယ်ဆိုရင် အရင်ခေတ်ကအနီရောင်ပန်းအဖွဲ့မှာခေါင်းဆောင်တဲ့သူတစ်ဦးဟာ အသတ်ခံလိုက်ရပါတယ်..ခေါင်းဆောင်မှာ ရှိဝိ လို့ခေါ်တဲ့သားတစ်ယောက်ရှိပါတယ် ရှိဝိ ဟာ ဖခင်ကြီးအတွက်ကလဲ့စားချေဖို့ကြိုးစားပါတော့တယ် ဒီလိုကြိုးစားရင်းနဲ့ အကြောင်းတစ်ခုကြောင့်မြို့သူကြီးသမီးမျောင်မျောင်ကို ဖမ်းလိုက်ပြီးနောက်..လူသတ်သမားကိုလိုက်ရှာနေခဲ့တယ် နေရာတကာကိုသွားပီးတဲ့နောက်မှာပဲ ရှိဝိ ကိုသတ်မယ့် နောက်ထပ်လူသတ်သမားတစ်ဦးပေါ်လာခဲ့ပါတယ် သူတို့၃ဦးဘယ်လိုတွေဆက်ဖြစ်မလဲ ရှိဝိ အဖေအသတ်ခံရတဲ့ ဖြစ်ရပ်မှန်ကဘာလဲ…လက်စားချေနိုင်ပါ့မလားဆိုတာကို ဆက်လက်ခံစားကြည့်ရှုပါ   Translated And Review By Xiao
IMDB: /10 votes
movie

Matchless Hero Fang Shiyu ( 2019 )

WEB-DL 720p